How Pinsali Journey started

Pinsali Tea name was created the name of village near Kyauk Mae City.

Tea leaf was plucked by villagers and tea pluckers from hill site mountains for sun dry.

Traditionally all tea to sell to tea merchant in City.

One of the most important factors influencing the chemical, physiological and physical qualities of Tea, belong to geographical difference ( Location where they grew).

We are eager to distribute such different taste of tea to let people know why do different Teas taste differently and how to get the best flavor from your Tea leaves.

Our journey started in year 2000 investing high quality of packaging machine.

Raw tea will go directly to filter paper, proceed to wrap with envelope paper to end the packaging.

Protects the product inside from contamination.

We made our tea outstanding quality and different from traditional way of production.

We want every frop of Pinsali Tea to be memorial moment of your life

ပင်စလီ ခရီး အစ

ပင်စလီ ဟူသော အသံထွက်တူညီသော ရှမ်းပြည်နယ် ကျောက်မဲမြို့အနီးရှိ တောင်ပေါ်ရွာလေး၏ နာမည်ကို မှည့်ပေးထားခြင်းဖြစ်ပါသည်။
လက်ဖက်များကို တောင်ပေါ်တွင် စွတ်ခူးချိန် ခူးယူကာ မြေပေါ်မှ လက်ဖက်ကုန်သည်များမှ လက်ခံကောက်ယူကာ မြန်မာပြည်မြို့များအား ဖြန့်ဖြူးရောင်းချခြင်းအား နှစ်အဆက်ဆက် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံ၏ လက်ဖက်စို/ခြောက် လုပ်ငန်းဖြစ်ပါသည်။

လက်ဖက်များ၏ အရသာသည် ထွက်ရှိသော တောင်ပေါ်နေရာအလိုက် မတူထူးကဲစွာ ရှိကြပါသည်။
ထိုကဲ့သို့ မတူထူးကဲသော အရသာကို သိရှိစေလိုသော ဆန္ဒ ပြင်းပြလာပါသဖြင့် မြန်မာနိုင်ငံ၏ လက်ဖက်မှာ အရသာ မတူထူးကဲခြားမှုများ ရှိပါသည်ဟု သိစေလိုသဖြင့် ပင်စလီ လက်ဖက်လုပ်ငန်းကို ၂၀၀၀ ခုနှစ်တွင် စတင်လုပ်ကိုင် ဖြန့်ဖြူးရောင်းချခဲ့ပါသည်။

ကျောက်မဲမြို့ လက်ဖက်ကုန်သည် ကျွမ်းကျင်သော လက်ဖက် ရွေးချယ်မှု နှင့် ခေတ်မှီ ထုတ်ပိုး စက်ဖြင့်ရင်းနှီးမြုပ်နှံကာ  စံ ချိန် မှီ ထုတ် ပိုး ပီး နိုင်ငံတကာအဆင့်မှီ ဟိုတယ်၊ ဆေးခန်း၊ Spa များတွင် အရသာရှိရှိ၊ လက်ဖက် အမျိုးအမည် အမျိုးစုံလင်စွာသောက် သုံးစွဲနိုင်ရန် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ထားပါသည်။

လက်ဖက်ပေါချိန်၊ ခူးချိန်မှ သိုလှောင်သည့်နေရာအထိ သန့်ရှင်းသော လုပ်ဆောင်မှုများနှင့် ပြည့်စုံသော နည်းပညာ ပံ့ပိုးမှုများဖြင့် လုပ်ဆောင်ခဲ့ရုံမကပဲ၊ ထုတ်ပိုးရာတွင်လည်း ညစ်ပတ်ပေကျံမဲ့ လက်များနှင့် မထိတွေ့စေရန် အဆင့်မှီ စက်ဖြင့် တစ်ထုတ်ချင်းစီကို အတွင်းအိတ် (Filter Paper) နှင့် အပြင်အိတ် (Envelop Paper) များဖြင့် ကုန်ကြမ်းမှ ကုန်ချောအပြီး ထုတ်နိုင်ကာ သန့်ရှင်းလက်ဆတ်မှု ရရှိစေရန် ရည်ရွယ်ပါသည်။

အရသာရှီ သော ပင်စလီ လက်ဖက်ရည် အစက် တိုင်း ကို သောက်သုံး သူ တိုင်း ဆွဲလန်း မက်မောစရာ ဖြစ်ရန် ဖန်တီးထားပါ သည်။

Contact Info

231/ 235 (C-1), Ground Floor, Shwe Gone Daing Street, Bahan Township, Yangon, Myanmar.
Office: ‪+959 796446365‬
Viber/H.P: ‪+959 799784644‬:  ‪+959 966311776

Email: pinsalimyanmar@gmail.com